ကြန္ပ်ဴတာေရွ႕ အၾကာႀကီး ထိုင္အလုပ္ လုပ္ရသူေတြ သိထားသင့္တဲ့ က်န္းမာေရးဗဟုသုတမ်ား

ကြန္ပ်ဴတာတို႔ ဖုန္းတို႔ဆိုတာ အၾကာႀကီး မသံုးသင့္တဲ့ လွ်ပ္စစ္အသံုးအေဆာင္ပစၥည္းေတြထဲ ပါဝင္ပါတယ္။ အသံုးဝင္တဲ့ အခ်က္ေတြ ရွိသလို က်န္းမာေရးကို ထိခုိက္ေစတဲ့ အခ်က္ေတြလည္း ရွိတာမို႔ မၾကာခဏ ဖုန္းမ်က္ႏွာျပင္ကို ၾကည့္တာ ေလွ်ာ့ခ်ဖို႔ ေျပာေနတာေတြ ရွိပါတယ္။ ဒါေပမယ့္လည္း ကြန္ပ်ဴတာကို တစ္ေနကုန္သံုးၿပီး အလုပ္လုပ္ရတဲ့သူဆိုရင္ေတာ့ ဒီအခ်က္ေတြကို မွတ္ထားသင့္ပါတယ္။

(၁) မ်က္စိက်န္းမာေရး

ဖုန္းတို႔ ကြန္ပ်ဴတာတို႔ကို ၾကာရွည္ဆက္တိုက္ၾကည့္တာက အာရံုေၾကာကို ထိခိုက္ေစတတ္ပါတယ္။ ဒါေၾကာင့္ မ်က္စိက်န္းမာေရးကို အျမဲ သတိထား ဂရုစိုက္သင့္ပါတယ္။ ကြန္ပ်ဴတာ ၾကည့္ခ်ိန္ မိနစ္ ၂၀ ၾကာတုိင္း ခပ္လွမ္းလွမ္း တစ္ေနရာကို ၾကည့္ေပးတာမ်ိဳးလည္း အနည္းဆံုး လုပ္ေပးသင့္ပါတယ္။

(၂) အဆီစုျခင္း

ကြန္ပ်ဴတာေရွ႕မွာ ထိုင္ၿပီး လုပ္ရတဲ့ သူေတြကေတာ့ အထိုင္မ်ားလို႔ ျဖစ္တဲ့ ျပႆနာေတြကို ရင္ဆိုင္ရတတ္ပါတယ္။ အစားစားၿပီး ျပန္ထိုင္ၿပီး အလုပ္လုပ္တာမ်ိဳးနဲ႔ အျမဲ ထိုင္ရတာေတြေၾကာင့္ ဝမ္းဗိုက္ေအာက္ပိုင္းမွာ အဆီစုလာတာ၊ အဆီပိုေတြ ျဖစ္ၿပီး ဗိုက္ေခါက္ေတြ ထြက္လာတာကို ၾကံဳရမွာပါ။ ဒါေၾကာင့္ လမ္းခဏ ထေလွ်ာက္ေပးတာလည္း လုပ္သင့္ပါတယ္။

(၃) ခါးနာေစႏိုင္တယ္

အထိုင္မ်ားတဲ့သူတစ္ေယာက္က ခါးနာမႈ ျဖစ္ေစႏိုင္တဲ့ ရာခုိင္ႏႈန္း မ်ားပါတယ္။ ဒါေၾကာင့္ ထိုင္ခံုမွာ ခါးခု ထားတာနဲ႔ သင့္ေတာ္တဲ့ ပံုစံအတိုင္း ထိုင္တာမ်ိဳးေတြ လုပ္သင့္ပါတယ္။ ဒါ့အျပင္ လမ္း မၾကာမၾကာ ေလွ်ာက္ေပးတာကလည္း ခါးနာတာကို သက္သာေစႏိုင္ပါတယ္။

(၄) ဝမ္းခ်ဳပ္ႏိုင္တယ္

အထိုင္မ်ားေနရျခင္းရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳး တစ္ခုကေတာ့ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတာပဲ ျဖစ္ပါတယ္။ လႈပ္ရွားမႈ မရွိဘဲနဲ႔ အထိုင္မ်ားေနတာက ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစတတ္တဲ့ အဓိက အေၾကာင္းအရင္း တစ္ခုပါပဲ။ ဒါေၾကာင့္ ေန႔တုိင္း အနည္းဆံုး နာရီဝက္ခန္႔ေလာက္ေတာ့ မျဖစ္မေန လမ္းေလွ်ာက္ေပးသင့္ပါတယ္။

(၅) ေသခ်ာ အနားယူသင့္တယ္

ဒီလို ကြန္ပ်ဴတာေရွ႕မွာ ၾကာၾကာ အလုပ္လုပ္ရသူက အနားယူခ်ိန္ ေကာင္းေကာင္း ရွိသင့္ပါတယ္။ အလုပ္ၿပီးတဲ့အခ်ိန္မွာ ဖုန္းထပ္ၾကည့္တာ အနားမယူဘဲ တစ္ျခားအရာေတြ လုပ္ေနတာမ်ိဳးကလည္း သင့္ခႏၶာကိုယ္ကို ပိုၿပီး ပင္ပန္းေစပါတယ္။ ဒါေၾကာင့္ နားခ်ိန္္မွာေတာ့ ေသခ်ာ အနားယူလိုက္မွသာ သင့္မွာ လန္းဆန္းမႈေတြ ရွိလာမွာ ျဖစ္ပါတယ္။

Kham

Unicode

ကွန်ပျူတာတို့ ဖုန်းတို့ဆိုတာ အကြာကြီး မသုံးသင့်တဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေထဲ ပါဝင်ပါတယ်။ အသုံးဝင်တဲ့ အချက်တွေ ရှိသလို ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိတာမို့ မကြာခဏ ဖုန်းမျက်နှာပြင်ကို ကြည့်တာ လျှော့ချဖို့ ပြောနေတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ကွန်ပျူတာကို တစ်နေကုန်သုံးပြီး အလုပ်လုပ်ရတဲ့သူဆိုရင်တော့ ဒီအချက်တွေကို မှတ်ထားသင့်ပါတယ်။

(၁) မျက်စိကျန်းမာရေး

ဖုန်းတို့ ကွန်ပျူတာတို့ကို ကြာရှည်ဆက်တိုက်ကြည့်တာက အာရုံကြောကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် မျက်စိကျန်းမာရေးကို အမြဲ သတိထား ဂရုစိုက်သင့်ပါတယ်။ ကွန်ပျူတာ ကြည့်ချိန် မိနစ် ၂၀ ကြာတိုင်း ခပ်လှမ်းလှမ်း တစ်နေရာကို ကြည့်ပေးတာမျိုးလည်း အနည်းဆုံး လုပ်ပေးသင့်ပါတယ်။

(၂) အဆီစုခြင်း

ကွန်ပျူတာရှေ့မှာ ထိုင်ပြီး လုပ်ရတဲ့ သူတွေကတော့ အထိုင်များလို့ ဖြစ်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ အစားစားပြီး ပြန်ထိုင်ပြီး အလုပ်လုပ်တာမျိုးနဲ့ အမြဲ ထိုင်ရတာတွေကြောင့် ဝမ်းဗိုက်အောက်ပိုင်းမှာ အဆီစုလာတာ၊ အဆီပိုတွေ ဖြစ်ပြီး ဗိုက်ခေါက်တွေ ထွက်လာတာကို ကြုံရမှာပါ။ ဒါကြောင့် လမ်းခဏ ထလျှောက်ပေးတာလည်း လုပ်သင့်ပါတယ်။

(၃) ခါးနာစေနိုင်တယ်

အထိုင်များတဲ့သူတစ်ယောက်က ခါးနာမှု ဖြစ်စေနိုင်တဲ့ ရာခိုင်နှုန်း များပါတယ်။ ဒါကြောင့် ထိုင်ခုံမှာ ခါးခု ထားတာနဲ့ သင့်တော်တဲ့ ပုံစံအတိုင်း ထိုင်တာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါ့အပြင် လမ်း မကြာမကြာ လျှောက်ပေးတာကလည်း ခါးနာတာကို သက်သာစေနိုင်ပါတယ်။

(၄) ဝမ်းချုပ်နိုင်တယ်

အထိုင်များနေရခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တစ်ခုကတော့ ဝမ်းချုပ်ခြင်းကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှု မရှိဘဲနဲ့ အထိုင်များနေတာက ဝမ်းချုပ်ခြင်းကို ဖြစ်စေတတ်တဲ့ အဓိက အကြောင်းအရင်း တစ်ခုပါပဲ။ ဒါကြောင့် နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့်လောက်တော့ မဖြစ်မနေ လမ်းလျှောက်ပေးသင့်ပါတယ်။

(၅) သေချာ အနားယူသင့်တယ်

ဒီလို ကွန်ပျူတာရှေ့မှာ ကြာကြာ အလုပ်လုပ်ရသူက အနားယူချိန် ကောင်းကောင်း ရှိသင့်ပါတယ်။ အလုပ်ပြီးတဲ့အချိန်မှာ ဖုန်းထပ်ကြည့်တာ အနားမယူဘဲ တစ်ခြားအရာတွေ လုပ်နေတာမျိုးကလည်း သင့်ခန္ဓာကိုယ်ကို ပိုပြီး ပင်ပန်းစေပါတယ်။ ဒါကြောင့် နားချိန်မှာတော့ သေချာ အနားယူလိုက်မှသာ သင့်မှာ လန်းဆန်းမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

Kham