နေကြာစေ့ပုံမှန်စားပေးခြင်းကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေးနဲ့အလှပဆိုင်ရာကောင်းကျိုးများ

နေကြာစေ့ကိုက်ရတာ ဝါသနာပါတဲ့လူရှိလား။ နေကြာစေ့ကို နေ့တိုင်း ပုံမှန်လေး လက်ခုတ်စာစားပေးရုံနဲ့ဒီလိုအကျိုးကျေးဇူးတွေကို ရရှိလာမှာပါတဲ့။ အဲဒါတွေကတော့..

(၁) ကိုယ်ခံအားကောင်းတယ်

ဗီတာမင် E နဲ့ antioxidants တွေပါဝင်တဲ့အတွက်ကြောင့် တော်ရုံ အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။

(၂) ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူပြုတယ်

ဝိတ်ချတဲ့လူတွေဟာ နေကြာစေ့စားတဲ့အခါကျရင် အဆာလည်းခံတယ်၊ အင်အားလည်းပြည့်ဝပါတယ်။

(၃) စိတ်ဓာတ်ကျခြင်းကိုသက်သာစေပါတယ်

နေကြာစေ့ဟာ ဝါးနေရတာကိုက စိတ်ဖိဆီးမှုကို ပြေပျောက်စေတာပါတဲ့။

(၄) သွေးတွင်းဓာတ်ကို ထိန်းငြှိပေးတယ်

နေကြာစေ့ဟာ သွေးတိုးသမားတွေ မှီဝဲသင့်တဲ့ အစေ့အဆံဆိုရင်လည်းမမှားပါဘူး။

(၅) အသားအရေတွက်ကောင်းတယ်

ကြည်လင်ပြီး အသားအရေလေး glow နေစေဖို့အတွက် linolenic, oleic နဲ့ palmitic acid စတဲ့ ပြည့်ဝအဆီတွေပါဝင်တဲ့အတွက်ကြောင့် ကော်လဂျင်ဓာတ်နဲ့ elastin တို့ကို ပြန်လည်ဖွဲ့ဆည်းရာမှာ အထောက်အကူပြုပါတယ်။

(၆) နှလုံးကျန်းမာရေးကို အားကောင်းစေတယ်

လိုအပ်တဲ့ပြည့်ဝအဆီနဲ့ phytosterols တွေ ပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးကို ကာကွယ်ပေးပြီး အားကောင်းစေပါတယ်။

penny

Zawgyi

ေနၾကာေစ့ကိုက္ရတာ ဝါသနာပါတဲ့လူရွိလား။ ေနၾကာေစ့ကို ေန႔တုိင္း ပံုမွန္ေလး လက္ခုတ္စာစားေပးရံုနဲ႔ဒီလိုအက်ိဳးေက်းဇူးေတြကို ရရွိလာမွာပါတဲ့။ အဲဒါေတြကေတာ့..

(၁) ကိုယ္ခံအားေကာင္းတယ္

ဗီတာမင္ E နဲ႔ antioxidants ေတြပါဝင္တဲ့အတြက္ေၾကာင့္ ေတာ္ရံု အေအးမိဖ်ားနာျခင္းေတြကို ကာကြယ္ေပးပါတယ္။

(၂) ကိုယ္အေလးခ်ိန္က်ဆင္းမႈကို အေထာက္အကူျပဳတယ္

ဝိတ္ခ်တဲ့လူေတြဟာ ေနၾကာေစ့စားတဲ့အခါက်ရင္ အဆာလည္းခံတယ္၊ အင္အားလည္းျပည့္ဝပါတယ္။

(၃) စိတ္ဓာတ္က်ျခင္းကိုသက္သာေစပါတယ္

ေနၾကာေစ့ဟာ ဝါးေနရတာကိုက စိတ္ဖိဆီးမႈကို ေျပေပ်ာက္ေစတာပါတဲ့။

(၄) ေသြးတြင္းဓာတ္ကို ထိန္းၿငိွေပးတယ္

ေနၾကာေစ့ဟာ ေသြးတိုးသမားေတြ မွီဝဲသင့္တဲ့ အေစ့အဆံဆိုရင္လည္းမမွားပါဘူး။

(၅) အသားအေရတြက္ေကာင္းတယ္

ၾကည္လင္ၿပီး အသားအေရေလး glow ေနေစဖို႔အတြက္ linolenic, oleic နဲ႔ palmitic acid စတဲ့ ျပည့္ဝအဆီေတြပါဝင္တဲ့အတြက္ေၾကာင့္ ေကာ္လဂ်င္ဓာတ္နဲ႔ elastin တုိ႔ကို ျပန္လည္ဖြဲ႕ဆည္းရာမွာ အေထာက္အကူျပဳပါတယ္။

(၆) ႏွလံုးက်န္းမာေရးကို အားေကာင္းေစတယ္

လိုအပ္တဲ့ျပည့္ဝအဆီနဲ႔ phytosterols ေတြ ပါဝင္တဲ့အတြက္ေၾကာင့္ ႏွလံုးက်န္းမာေရးကို ကာကြယ္ေပးၿပီး အားေကာင္းေစပါတယ္။

penny