အံ့သြဂုဏ်ယူစရာကောင်းတဲ့ ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာမြို့တော်ကြီး

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံ လို့ပြောရင် မမှားနိုင်ပါဘူးနော်။လက်ညှိုးထိုးမလွဲတဲ့ ဘုရားစေတီကျောင်းကန်ဇရပ်တွေ မြန်မာနိုင်ငံမှာ အများကြီးပါနော်။

ဒါပေမဲ့လည်း တစ်မြို့လုံး ဗုဒ္ဓဘာသာအထိမ်းအမှတ်တွေ ဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေတော့ မရှိသေးပါဘူးနော်။အဲဒီလိုရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာမြို့ကြီးတစ်မြို့ မြန်မာနိုင်ငံမှာ မဟုတ်ဘဲ တခြားနိုင်ငံတစ်ခုမှာ ရှိတယ်ဆိုရင် ပရိသတ်ကြီးတို့ အံ့သြသွားမလား။ဟုတ်ပါတယ် ကမ္ဘာ့အကြီးဆုံး အံ့သြဖွယ်ရာ ဗုဒ္ဓဘာသာမြို့တော်ကြီးက တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားမှာ ရှိနေတာပါနော်။

အဲဒီမြို့ကို ဘုန်းကြီးမြို့တော်ဟု နာမည်ပေးထားသော်လည်းတစ်ကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ စာသင်တိုက်များဖြစ်ပါတယ်နော်။လူနေအိမ်များမဟုတ်ဘဲ အနီရောင်တဲအိမ်များနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တဲကျောင်းများသာဖြစ်ပါတယ်တဲ့။အဲဒီမှာ နေထိုင်ကြတဲ့ ဘုန်းတော်ကြီးတွေဟာ အဓိက မိမိတို့လေ့လာလိုတဲ့ ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာ လေ့လာခွင့်ရှိတယ်။အချို့ဘုန်းကြီးများကလည်း စကားမပြောဘဲ ဝစီပိတ်ကျင့်ကြံကြတယ်လို့ သိရပါတယ်နော်။

အဲဒီမြို့လေးဟာ အလွန့်အလွန်သာယာပြီးသူတော်ကောင်းတို့ရဲ့ ဓမ္မစာပေများသာ ကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံ မကြားရပါဘူး။အလွန်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လှပါတယ် အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်နော်။အဲဒီမှာ ဘုန်းတော်ကြီးတွေနဲ့ သီလရှင် အပါးလေးသောင်းကျော်သီတင်းသုံးနေထိုင်ကြတာပါ။ဘုန်းတော်ကြီးများနဲ့ သီလရှင်တို့ရဲ့ သီတင်းသုံးနေထိုင်ရာနေရာနဲ့ ကျောင်းကြားမှာ လမ်းမကြီးနဲ့ စည်းခြားထားတာပါ။ဒီဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်ကို ထင်ရှားတဲ့ ယင်မာလာမာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဂျင်မီဖန့်ဆော့စ်က လူနေထိုင်ခြင်းမရှိတဲ့ တောင်ကြားမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်နော်။

ချန်ဒူမြို့မှ မိုင်၃၇၀အကွာ ဆာတာဒေသရှိ ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော် သွားရောက်လိုပါက နာရီ ၂၀-ကြာခရီးကို ဖြတ်သန်းရမှာဖြစ်တယ်လို့ ဆိုပါတယ်နော်။ထူးခြားတာနောက်တစ်ခုက အဲဒီမှာ TV ကိုပိတ်ပင်ထားပြီးတော့ ဘုန်းတော်ကြီးတွေနဲ့သီလရှင်များဟာ ဘာသာရေးစာပေများ လေ့လာသင်ယူခြင်းဘုရားရှိခိုးခြင်းတို့သာ ပြုလုပ်ကြပါတယ်တဲ့။ယခုလိုမျိုး ကမ္ဘာ့အံ့ဖွယ် ဗုဒ္ဓဘာသာမြို့တော်ကြီးရှိတာကို ဗုဒ္ဓဘာသာဝင်တို့ သိရှိ ဂုဏ်ယူနိုင်အောင် ပြန်လည်မျှဝေလိုက်ရပါတယ်နော်။Source ;အရှင်ပညာသီဟ

Zawgyi

ျမန္မာႏိုင္ငံဟာ ကမာၻေပၚမွာ ဗုဒၶဘာသာအထြန္းကားဆုံးႏိုင္ငံ လို႔ေျပာရင္ မမွားႏိုင္ပါဘူးေနာ္။လက္ညႇိဳးထိုးမလြဲတဲ့ ဘုရားေစတီေက်ာင္းကန္ဇရပ္ေတြ ျမန္မာႏိုင္ငံမွာ အမ်ားႀကီးပါေနာ္။

ဒါေပမဲ့လည္း တစ္ၿမိဳ႕လုံး ဗုဒၶဘာသာအထိမ္းအမွတ္ေတြ ျဖစ္တဲ့ ဘုန္းႀကီးေက်ာင္းေတြ၊ ေစတီပုထိုးေတြေတာ့ မရွိေသးပါဘူးေနာ္။အဲဒီလိုရွိတဲ့ ကမာၻ႔အႀကီးဆုံး ဗုဒၶဘာသာၿမိဳ႕ႀကီးတစ္ၿမိဳ႕ ျမန္မာႏိုင္ငံမွာ မဟုတ္ဘဲ တျခားႏိုင္ငံတစ္ခုမွာ ရွိတယ္ဆိုရင္ ပရိသတ္ႀကီးတို႔ အံ့ၾသသြားမလား။

ဟုတ္ပါတယ္ ကမာၻ႔အႀကီးဆုံး အံ့ၾသဖြယ္ရာ ဗုဒၶဘာသာၿမိဳ႕ေတာ္ႀကီးက တ႐ုတ္ႏိုင္ငံ ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာရွိ လာရန္ဂါေတာင္ၾကားမွာ ရွိေနတာပါေနာ္။

အဲဒီၿမိဳ႕ကို ဘုန္းႀကီးၿမိဳ႕ေတာ္ဟု နာမည္ေပးထားေသာ္လည္းတစ္ကယ္ေတာ့ ဗုဒၶဘာသာ အကယ္ဒမီ စာသင္တိုက္မ်ားျဖစ္ပါတယ္ေနာ္။လူေနအိမ္မ်ားမဟုတ္ဘဲ အနီေရာင္တဲအိမ္မ်ားနဲ႔ တည္ေဆာက္ထားတဲ့ ဗုဒၶဘာသာဘုန္းေတာ္ႀကီး တဲေက်ာင္းမ်ားသာျဖစ္ပါတယ္တဲ့။အဲဒီမွာ ေနထိုင္ၾကတဲ့ ဘုန္းေတာ္ႀကီးေတြဟာ အဓိက မိမိတို႔ေလ့လာလိုတဲ့ ပရိယတၱိ ပဋိပတၱိ ပဋိေဝဒမ်ားကိုသာ ေလ့လာခြင့္ရွိတယ္။အခ်ိဳ႕ဘုန္းႀကီးမ်ားကလည္း စကားမေျပာဘဲ ဝစီပိတ္က်င့္ႀကံၾကတယ္လို႔ သိရပါတယ္ေနာ္။

အဲဒီၿမိဳ႕ေလးဟာ အလြန႔္အလြန္သာယာၿပီးသူေတာ္ေကာင္းတို႔ရဲ႕ ဓမၼစာေပမ်ားသာ ၾကားရၿပီးဆဲဆိုသံ ရန္ျဖစ္သံ မၾကားရပါဘူး။အလြန္ေအးခ်မ္းၿပီး တိတ္ဆိတ္ၿငိမ္သက္လွပါတယ္ အလြန္အံ့ၾသစရာေနရာတစ္ခုလည္းျဖစ္ပါတယ္ေနာ္။အဲဒီမွာ ဘုန္းေတာ္ႀကီးေတြနဲ႔ သီလရွင္ အပါးေလးေသာင္းေက်ာ္သီတင္းသုံးေနထိုင္ၾကတာပါ။ဘုန္းေတာ္ႀကီးမ်ားနဲ႔ သီလရွင္တို႔ရဲ႕ သီတင္းသုံးေနထိုင္ရာေနရာနဲ႔ ေက်ာင္းၾကားမွာ လမ္းမႀကီးနဲ႔ စည္းျခားထားတာပါ။ဒီဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္ကို ထင္ရွားတဲ့ ယင္မာလာမာ ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္သူ ဂ်င္မီဖန႔္ေဆာ့စ္က လူေနထိုင္ျခင္းမရွိတဲ့ ေတာင္ၾကားမွာ ၁၉၈၀ ခုႏွစ္က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ပါတယ္ေနာ္။

ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာ ဆာတာေဒသရွိ ထိုဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္ သြားေရာက္လိုပါက နာရီ ၂၀-ၾကာခရီးကို ျဖတ္သန္းရမွာျဖစ္တယ္လို႔ ဆိုပါတယ္ေနာ္။ထူးျခားတာေနာက္တစ္ခုက အဲဒီမွာ TV ကိုပိတ္ပင္ထားၿပီးေတာ့ ဘုန္းေတာ္ႀကီးေတြနဲ႔သီလရွင္မ်ားဟာ ဘာသာေရးစာေပမ်ား ေလ့လာသင္ယူျခင္းဘုရားရွိခိုးျခင္းတို႔သာ ျပဳလုပ္ၾကပါတယ္တဲ့။ယခုလိုမ်ိဳး ကမာၻ႔အံ့ဖြယ္ ဗုဒၶဘာသာၿမိဳ႕ေတာ္ႀကီးရွိတာကို ဗုဒၶဘာသာဝင္တို႔ သိရွိ ဂုဏ္ယူႏိုင္ေအာင္ ျပန္လည္မွ်ေဝလိုက္ရပါတယ္ေနာ္။Source ;အရွင္ပညာသီဟ