December ရဲ့အေးချမ်းမှုတွေကို အချစ်ကနွေးထွေးစေမှာပါ ဆိုပြီး ချစ်သူနဲ့ ရိုဆန်နေတဲ့ပုံရိပ်လေးတွေ ချပြလာတဲ့ မိုးအောင်ရင်




Swelsone News

Zawgyi

ပရိသတ်ကြီးရေ မင်းသားချောလေးမိုးအောင်ရင်ကတော့ အဆိုတော်အောင်ရင်ရဲ့သားဖြစ်ပြီး ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်လာတာဖြစ်ပါတယ်။မိုးအောင်ရင်က အဖေတူသားလေးဖြစ်လို့ ရုပ်ရည်ကလည်းချောမောခန့်ညားပြီး အနုပညာအရည်အသွေးလည်းပြည့်ဝပါတယ်နော်။မိုးအောင်ရင်က လူငယ်ပီပီ လမ်းမှားကိုရောက်သွားခဲ့ပေမယ့် အမှားကိုသိနားလည်ပြီး အခုချိန်မှာ အေးအေးဆေးဆေးနဲ့ အလုပ်တွေကြိုးစားနေတာဖြစ်ပါတယ်။

မိုးအောင်ရင်က ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းပြန်စလုပ်နေပြီဖြစ်ပါတယ်။မိုးအောင်ရင်က သူ့ရဲ့ခန္ဓာကိုယ်ကိုလည်း အမိုက်စားဖြစ်နေအောင်လို့ လေ့ကျင့်ခန်းကို အမြဲလုပ်ဆောင်နေတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ မိုးအောင်ရင်က “Moe’s Favorite Food”ဆိုတဲ့ Pageလေးကိုထောင်ပြီး စားသောက်ဖွယ်ရာလေးတွေကို ရောင်းချနေတာဖြစ်ပါတယ်။မိုးအောင်ရင်ကတော့ အရသာရှိတဲ့အသုတ်လေးတွေကို တက်တက်ကြွကြွနဲ့ရောင်းချနေလို့ မှာယူစားသုံးကြတဲ့ customers တွေလည်းအများကြီးရှိနေပြီဖြစ်ပါတယ်နော်။

မိုးအောင်ရင်ကတော့ အခုဆိုရင် ပရိသတ်တွေပဟေဠိဖြစ်သွားအောင်လို့ ကောင်မလေးတစ်ယောက်နဲ့အကြည့်ချင်းဆုံပြီး ရိုနေကြတဲ့ပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ်။မိုးအောင်ရင်က”Marry Christmas December ရဲ့အေးချမ်းမှုတွေကို..အချစ်ကနွေးထွေးစေမှာပါ..Christmas မှာချစ်သူနဲ့ပျော်ရွှင်နိုင်ကြပါစေ..”ဆိုတဲ့ စာသားလေးနဲ့အတူ ကြည်နူးစရာပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးလည်း မိုးအောင်ရင်ရဲ့ဘေးနားကကောင်မလေးက ဘယ်သူဖြစ်မလဲဆိုတာကို ခန့်မှန်းလိုက်ကြပါဦးနော်။

Swelsone News