ခပေါင်းတံတားမှာ ရထားထက်မှ ပြုတ်ကျဆုံးပါးခဲ့ရသူ မင်းသားပြေငြိမ်း . . .အဖြစ်မှန်(ရုပ်သံ)







Credit to Mya Taung.


Via chan myae zaw

Zawgyi

တောင်ငူ ခပေါင်းတံတားနဲ့ မင်းသားပြေငြိမ်း အနှစ်သုံးဆယ်

ညက တောင်ငူကပြန်လာတာ နေပြည်တော်ကို၈နာရီထိုးမှရောက်တယ်။ ပြေငြိမ်း ကွယ်လွန်တဲ့နှစ်၃၀ပြည့်အမှတ်တရပို့စ်တက်လာလို့ သတိတရရေးမယ်စိတ်ကူးပေမယ့် ခရီးကပန်းလို့မရေးနိုင်ဘူး။မနေ့က သားငယ်ပြည့်ဖြိုးဟန်အသက်၃၀ပြည့်ပါတယ်။ မန္တလေးကပြန်လာပြီးတောင်ငူမြို့ပွတ်စုကျောင်းမှာရဟန်းခံပါတယ်။12-7-1990နေ့ကတောင်ငူဆေးရုံကြီးမှာမွေးဖွားခဲ့ပါတယ်။ဆေးရုံအုပ်ကြီးDrဦးခင်ဖေလင်းနဲ့ဒေါ်တင့်တင့်နွယ်တို့ကခွဲစိပ်မွေးဖွား‌ပေးခဲ့ပါတယ်။အဲဒီညမှာပဲ ရုပ်ရှင်မင်းသားပြေငြိမ်းကလည်း5 Upရထားနဲ့မန္တလေးကိုသွားပါတယ်။အဲဒီညက5upရထားဟာထွက်သွားပြီးကာမှ စက်ချို့ယွင်းလို့ဘူတာထဲပြန်ဝင်ပြီးစက်ပြင်ရတယ်လို့သိရပါတယ်။

နောက်တနေ့မှာကျနော်EMOတာဝန်ကျပါတယ်။10amမှာခပေါင်းချောင်းထဲကအလောင်းတခုတွေ့လို့ဘူတာကကုန်တင်တဲ့တွန်းလှည်းနဲ့ဆေးရုံကိုသယ်လာပါတယ်။အရပ်ထောင်ထောင်မောင်းမောင်းလူငယ်တဦးဖြစ်ပြီးမျက်နှာကတခြမ်းစီကွဲပြီးခေါင်းထိပ်ပိုင်းပွင့်ထွက်နေပါတယ်။ဂျင်းဘောင်းဘီရှည်တီရှပ်ဝတ်ဆင်ထားပြီးဘယ်သူဘယ်ဝါအသိအမှတ်ပြုရန်ခက်နေပါတယ်။ထိုနေ့နေ့လယ်ပိုင်းကစပြီး တယ်လီဖုန်းဆက်သွယ်မေးမြန်းသူများတဲ့အတွက်တချိန်လုံးမအားလပ်အောင်ဖြေနေရပါတယ်။ရုပ်ရှင်မင်းသားပြေငြိမ်းပျောက်ဆုံးနေ၍မေးမြန်းခြင်းဖြစ်ပါတယ်။‌သူနဲ့လာတဲ့အဖော်က မန္တလေးရောက်မှသူပျောက်တာကိုသိတာပါ။ညက ရှေ့တွဲမှာပါလာတဲ့တင့်တင့်ထွန်းတို့ဆီသွားမယ်ဆိုပြီးထွက်သွားတယ်လို့ပြောပါတယ်။

တောင်ငူအဝင်ကခပေါင်းတံတားမှာ‌ရေထဲပြုတ်ကျတာပါမီးရထားသံဘောင်တံတားတွေဟာနိမ့်ပါတယ်။တွဲခေါင်မိုးပေါ်မှာထိုင်စီးရင်မလွတ်ပါဘူး။တံတားရောက်ရင်ဝပ်နေမှလွတ်ပါတယ်။မင်းသားကတွဲခေါင်မိုး‌ပေါ်တက်ထိုင်ပုံရပါတယ်တံတားရှိမှန်မသိတော့မရှောင်နိုင်ပဲသံဘောင်နဲ့တိုက်ပြီးချောင်းထဲကျ၊ဗေဒါဒိုက်တွေပေါ်ကျလို့ရေထဲမမြောတာပါ။မြောသွားရင်ရှာတွေ့ဖို့အတော်ခက်ပါမယ်။မနက်လင်းမှတံတားရဲကင်းကအလောင်းကိုတွေ့ပြီးဆေးရုံကိုပို့ပါတယ်။မိသားစုကလည်းပျောက်နေလို့စုံစမ်း၊ဒီမှာလည်းအမျိုးအမည်မခွဲခြားနိုင်တဲ့အလောင်းကရောက်နေတော့ ၊အသေအချာမပြောနိုင်။၃နာရီလောက်မှာ ဖခင်ဦးမောင်မောင်မြင့်ကဖုန်းဆက်ပြီးသူ့ရဲထင်ရှားတဲ့အမှတ်လက္ခဏာတွေပြောပြတော့ကိုက်ညီနေပါတယ်။

ပြေငြမ်းရဲ့ဘကြီးDrဦးသာမိုးကိုယ်တိုင်လိုက်လာပါတယ်။ဆရာကြီးဦးခင်ဖေလင်းနဲ့အတူတူရင်ခွဲစစ်ဆေးပါတယ်။ပြေငြိမ်းသတင်းကမြို့ထဲမှာချက်ချင်းပျံ့သွားပြီးရင်ခွဲရုံဝန်းကျင်မှာလူအများကြီး၊အမျိုးသမီးထုကပိုများ၏။မိုးကလည်းရွာလိုက်တာ၄လက်မ။ည၈နာရီခန့်မှာDrဦးသာမိုး(သမိုင်းမသန်စွမ်းဆေးရုံအုပ်ကြီး)ရောက်လာပါတယ်။ရင်ခွဲရုံတံခါးဖွင့်ပြလိုက်တာနဲ့ ပြေငြိမ်းပဲလို‌ေ့ပြောပါတာ်။အရပ်ကရှည်တော့ ကျောက်စားပွဲဘောင်ပေါ်အထိရောက်နေတယ်။ညတွင်းချင်းခေါင်းတခုလုပ်ပြီးရန်ကုန်ကိုသယ်သွားပါတယ်။မနက်၄နာရီမှာကို Myat Khineရောက်လာပြီးသတင်းယူတော့မင်းသားအလောင်းက လမ်းတဝက်ရောက်နေပြီ။ကျနော့ကိုအင်တာဗျူးပြီး အနုပညာကြေးမုံမဂ္ဂဇင်းမှာထည့်ပါတယ်။အနယ်နယ်မှာ ပြေငြိမ်းကားတွေပြန်ပြပြီး ဗွီဒီယိုရုံတွေကိုသူလုပ်ကျွေးသွားပါသေးတယ်။ကညွတ်ကွင်းမိတ်ဆွေတဦးဆို ကြိုးဖုန်းတလုံးဝယ်နိုင်တဲ့ပမာဏ၂ရက်အတွင်းရပါသတဲ့။

သြင်္ဂုလ်ပြီးတပတ်မှာ Maung Maung myintthukhuma ရောက်လာပြီးရဲစခန်းကသိမ်းဆည်းထားတဲ့ဆွဲကြိုး၊ဘိနပ်နဲ့ပစ္စည်းတွေလာထုတ်ယူပါတယ်။ ပြေငြိမ်းအမှတ်တရvcdထဲမှာကျနော်တို့ပုံတွေပါတယ်ဒါကတော့ကျနော်ကြုံခဲ့ရတဲ့ အမှတ်တရတွေပါပဲ။အနှစ်၃၀တောင်ကြာခဲ့ပြီပဲ။

Credit to Mya Taung.

(စာရေးဆရာသောင်းကေတု ၏ Facebook page မှကူးယူဖော်ပြထားပါသည်။ စာရေးဆရာသောင်းကေတု သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို အငြိမ်းစားဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် နှစ်(၃၀)ခန့် သရုပ်ဆောင် ပြေငြိမ်း တောင်ငူမြို့အနီး ရုတ်တရက် ကွယ်လွန်ချိန် တွင် တောင်ငူဆေးရုံ တွင်ဆရာဝန်တစ်ဦး အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။)

Via chan myae zaw