ကိုဗစ်ကာကွယ်ဆေး နိုင်ငံသားတိုင်း ထိုးပေးရေးအတွက် ဒေါ်လာတစ်သန်း အလှူရှင်တစ်ဦး ပေါ်လာပြန်ပြီ




သာဓု … သာဓု … သာဓုပါ …

ZN.H

Zawgyi

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်သို့ မန္တလေးမြို့ဒေါ်စန်းကြူ (ဒုံးပျံဂျုံစက် ) Capital Diamond Star Foundation မှအမေရိကန်ဒေါ်လာ(၁)သန်း လှူဒါန်းပါသည်.။

စက်တင်ဘာ ၂၅ ရက်ကလည်းကိုဗစ်ကာကွယ်ရေးအတွက်။မန်းတိုင်းအစိုးရကြီးကို အလှုငွေကျပ်သိန်း(၁၀၀၀)လှူဒါန်းထားပါသေးတယ်..။Capital Diamond Star Group မှ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီသို့အမေရိကန်ဒေါ်လာ ( ၁ ) သန်းလှူဒါန်းခြင်း

ကိုဗစ်ကို အစိုးရနဲ့ ပြည်သူ ပူးပေါင်းပြီး တိုက်နေတာ တစ်နှစ်ပြည့်တော့မယ်။သမာအာဇီဝနဲ့ ရှာထားတဲ့ငွေကို အရေးကြုံလာချိန်မှာ ပြည်သူ့အတွက် ပြန်လှူပေးတာ ကျေးဇူးအထူးတင်မိပါတယ်။ဒေါ်စန်းကြူရဲ့ မြင့်မြတ်လှတဲ့ အလှူအတွက် သာဓု သုံးကြိမ် ခေါ်မိပါတယ်။

သာဓု … သာဓု … သာဓုပါ …

ZN.H