မြန်မာနိုင်ငံသား စူပါမားကတ် မှာ ဆန် နဲ့ ကြက် ပေါင်းရေခိုးလို့တဲ့ဗျာ






အား လုံး ကို ❤️Ma May Zin

Zawgyi

အဆိုးထဲက အကောင်းဆုံးတော့ လုပ်ပေးနိုင် ခဲ့တယ်။မြန်မာနိုင်ငံသား စူပါမစ်ကစ်ထဲမှာ ဆန် နဲ့ ကြက် ပေါင်းရေခိုးလို့ ပါ။သူ့မှာ ဘာအထောက်ထားမှ မရှိ သူများ သူ့ကို ဖမ်းနေတဲ့ အချိန် မဇင် တွေ့တော့ သူ့ကို သေချာမေးပါတယ်။အလုပ်မရှိဘူး စားစရာ မရှိပါဘူး လူ လည်းကျန်းမာရေးမကောင်း လို့ ပိန် လိန် နေတာ ဘဲ။

သူ့ကို သနားလို့ ဝင်ဖြေရှင်း ပေးပါတယ်။မန်နေဂျာ နဲ့ အလုပ် သမားတွေကို တောင်းပန်ပေးပါတယ်။ သူအဲ့လို ဒုက္ခရောက် နေတာကို ကြားကနေအကျိုးကြောင်း ရှင်းပြကြပါတယ်။

သူခိုးထား တဲ့ ပစ္စည်းကျသင့် ငွေကို မဇင် အကုန်ဖြေရှင်းပေးပါမယ် သူ့ကို မဖမ်းပါနဲ့ လို့အနူးညွတ်တောင်းပန်ပေးပါတယ်။ ဒါဆို မန်နေဂျာ နဲ့ပြောကြ ပါတဲ့သူတို့ မန်နေဂျာ နဲ့ ဆွေးနွေးလို့ အဆင်ပြေ သွားပါတယ် ကျသင့်ငွေ က ၂၆၀ ဘတ် ပစ္စည်း ခ ၃ ဆ ရော် ခိုင်း ပါ တယ် ၁၄၉၀ ဘတ်ပါ။ပတ်စပိုစ့်မေးတော့ မရှိဘူး ပြဿနာ နည်းနည်း ခက်သွားပြန်တယ်။ ပလိတ် ခေါ်ပါတယ် ပလိတ်နဲ့ ဖြေရှင်းပါတဲ့ Ok ဖြေရှင်း ပါမယ်။ ပလိတ်လာတော့မဇင်ကို မေးတယ် ဘာတော်တာလည်း ဆွေမျိုးလားတဲ့ ဟုတ်ကဲ့ ဘာ မှ မတော် ပါဘူး ဆွေမျိုး လည်းမဟုတ် ပါဘူး။မြန်မာပြည် သားအချင်းချင်း သနားလို့ပါ။

သူ့ကို့ မဖမ်းပါနဲ့နော် ကျသင့်ငွေကို ရော်ပေးပါမယ်။ကူညီပေးပါ ဆိုပီ မြန်မာပြည်သား အားလုံးစုပေါင်း တောင်းပန်ပေး ကြပါတယ်။ဒါဆို ပလိတ်က ပြောတယ် သူ့မှာ အထောက်ထား မရှိတဲ့ အတွက် မဇင် ပတ်စပိုစ့် သုံးပီး အာမခံပေး ပါ ဆိုလို့အာမခံပေးလိုက် ပါတယ် ပီးရင်ကျသင့်ငွေ အကုန်ရှင်းပေးလိုက် ပါတယ်။

ပီးရင်သူ့ကိုမခိုး ယူဖို့ မရှိရင် ဘန်ဘော်ဈေး ထဲမှာလာခဲ့ပါနော် လို့ပြော ပီးကိုယ့် မြန်မာအချင်းချင်းဟိုလူ ၁၀၀ ဒီ လူ ၁၀၀ နဲ့ နိုင်သလောက် လေးပေးလိုက် ကြပါတယ်။ သနားလွန်လို့ ပါသူ့ ခများအစာမစားရလို့လမ်းတောင်မလျှောက်နိုင်ဘူး တော်သေးတာပေါ့။ပြဿနာ ဒီမှာတင် ပီးသွား လို့ ပလိတ်တွေ ကလည်း စိတ်ကောင်းလို့ ဘာဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

အား လုံး ကို ❤️Ma May Zin