အမေရိကန် လေယာဉ်ပျက်ကျလုနီးပါးဖြစ်ချိန်မှာ တန်ခိုးပြကာကွယ်ပေးခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီး၏ မှတ်တမ်းတင်ခံခဲ့ရသော ကမ္ဘာကျော်ဖြစ်ရပ်





credit aungnaingthu

Zawgyi

အမေရိကန် လေယာဉ်ပျက်ကျလုနီးပါးဖြစ်ချိန်မှာ တန်ခိုးပြကာကွယ်ပေးခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော်ဖြစ်ရပ်

အခုကတော့ ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေဗဟုသုတပါနော်။လွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါနော်။မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးကတောင်ပုလုတောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟုထင်ပေါ်ကျော်ကြားခဲတာပါ။ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်းနဲ့စာအုပ်ပေါင်းများစွာကိုရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်ဟာ တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီးတော့ မြန်မာပြည်အနှံတရားများလှည့်လည်ဟောခဲ့တာပါ။

ပျဉ်းမနား မဟာမြိုင်ဆရာတော် ဦးဇောတိလာလည်း ဆရာတော်ကြီးကို အကြောင်းပြုပြီး ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီးတော့ စာအုပ်ပေါင်းများစွာရေးပြီး ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့တာပါ။1970 ခုနှစ်ကျော်ဝန်းကျင်လောက်မှာ အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့ပါတတာပါတဲ့။အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးက လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ရဟန်းတော်တစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာ လေယာဉ်ပျံက ရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကို ချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်တဲ့။အဲ့ဒီသတင်းကိုတော့ အမေရိကန်သတင်းစာမှာ ဟိုးလေး တစ်ကျော်ဖြစ်ခဲ့ပြီးမြန်မာရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင်း အကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုခဲ့ကြတာပါနော်။

အဲ့ဒီအဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့ းဆိုသူဟာအံသြပြီးတော့ အမေရိကန်ကို အဲ့ဒီနေ့ကထွက်တဲ့ လေယာဉ်ရဲ့ခရီးစဉ်ကိုလှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့ကခရီးသည်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီးတော့ တစ်ဦးက ဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြားတစ်ဦးက တောင်ပုလု ဆရာတော်ကြီးပါတဲ့။ဒေါ်ခင်ဝင်းဟာ တောင်ပုလု ဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါမှာ လေယာဉ်ဦးခေါင်းပိုင်းမှာရပ်ပြီးတော့ လေထဲမှာ သင်္ကန်းတလူလူနဲ့လွင့်နေတာအဲ့ဒီ ရဟန်းတော်ပါတဲ့။ အဲ့ဒီလေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာ တောင်ပုလုတရားစခန်းတစ်ခုဖွင့်လှစ်ပေးပြီးတော့ ခုအချိန်ထိသာသနာပြုနေကြတယ်လို့သိရပါတယ်နော်။

credit aungnaingthu