အသက်၁၃နှစ်နဲ့ ကိုယ်ဝန်(၅)လရှိခဲ့တဲ့ (၇)တန်းကျောင်းသူ မိန်းကလေးရဲ့ အဖြစ်







credit

Zawgyi

မနေ့က ကျမဆေးခန်းကို ultrasound ကြည့်ဖို့သားအမိနှစ်ယောက်လာပါတယ် သူတို့သားအမိဝင်လာတုန်းကတော့..ရင်သားတဖက်မရှိ တဲ့ မိခင်ကို လှမ်းကြည့်ရင်း.လူနာလို့ထင်မိတာပါ။နောက်တော့မှ..ကျမသမီးလေးရာသီ မလာတာ 3လလောက်ရှိပြီ..ဗိုက်မှာလည်း အလုံးပေါ်နေလို့ဆိုမှ ကလေးဗိုက်ကိုစပ်းသပ်ကြည့်လိုက်တော့..ဗိုက်ထဲမှာ ကိုယ်ဝန်က 5လပြည့်ခါနီးပါပြီ..း။

ကလေးရဲ့ အသက်ကိုသေချာသိချင် လို့မွေးနေ့မေးလိုက်မှ 13နှစ်နဲ့ တစ်လ..ဗိုက်ထဲက ကိုယ်ဝန်က 5လ.. .ရှင်းရှင်းပြောရရင်.အမွှေးတောင်သေချာမပေါက်သေးတဲ့ .မျက်နှာ အေးအေးလေးနဲ့ ကလေးကိုကြည့်မတတ်နိုင်အမေကိုရှင်းပြတော့ပြီး.သမီးရည်းစား ရှိသလားချော့မေးတော့..ရည်းစားတော့မရှိ… အပျိုမဟုတ်တဲ့ အဆောင်နေသူငယ်ချင်း ဆီကဘောင်းဘီယူဝတ်မိ သည်ဟုပြောသည်..လုံးဝ မဖြစ်နိုင်ဘူး..အမှန်အတိုင်းပြောဖို့နည်းနည်းလေး မာန်လိုက်တော့..မှ.တတန်းထဲနေ.သူငယ်ချင်း နှင့်. .ဟုဝန်ခံလာလေသည်။

fbပေါ်မှာ ဟိုတလောကေ ခတ်စားနေတဲ့ရေကူးကန်ထဲကိုယ်ဝန်ခုနှစ်ယောက်ရတဲ့. မဟုတ်တဲ့ post ကို ဖတ်ပြီး..အမေကို..ဘောင်းဘီ ကိစ္စနှင့်ဖြီးတော့ အူကြောင်ကြောင်အမေက သို့လောသို့လော ဖြစ်သည်…။ဒီအမေနှင့် လွှတ်ထားလို့မပြီး..ငါဝင်ပါမှ ဖြစ်မည် ဆိုပြီး ဆက်မေးမှ..ကျမ ဖင်ထိုင်ရက်ကျမတတ်.. တတန်းတည်းကျောင်းသား..သူငယ်ချင်းအချင်းချင်း အဆင့်လောက်တွေနှင့် ..အတူနေကြသည်တဲ့ သူတို့ကိုယ်ပိုင်ကျောင်းရဲ့….ညဖက်စာကြည့်ချိန်တွေမှာ. ညဖက်အတန်းလွတ်တွေထဲသွားကြသော .အဲသလိုကလေးတွေ…တော်တော်များနေပုံရသည် ..

သူပြောတဲ့ ဘောင်းဘီယူဝတ်တဲ့ သူငယ်ချင်း ကလည်း ရည်းစားမဟုတ်ပဲ အတူနေကြသည်တဲ့..ေ နာက်တတွဲကတော့ ရည်းစားပေါ့…7တန်းတွေနော် တခန်းထဲအတူတူ..ချိန်းနေကြသည်တဲ့..3တွဲ ကဲ..ကလေးမို့ တခါတလေမှား သလားလို့ကြိမ်ရေမေးတော့ .ကြိမ်ရေမနည်းတော့ပါ…သမီးတို့အတန်းက..အဲသလို ကြိုက် ကြတာနည်းတယ် 9တန်း 10တန်းဆိုပိုချိန်းတွေ့ကြတာလို့ပြောတော့ ကျမ ပက်လက်လန် ကျချင်လာသည်…

မီတာခများလို့ ညဖက်ကျောင်းအပေါ်ထပ်တွေ မီးပိတ်ထားတော့ ဘိတွေဖြစ်ကုန်ကြပြီထင်… .ဒါတောင်…ကလေးကသွက်လက်ချက်ချာပုံ.သိပ်မပေါ်ဘော်ဒါဆောင်ကြေးကလည်း..မနည်းပါ.တော်ရုံမိဘ မထားနိုင်တဲ့အနေအထားပါ.. .ဘော်ဒါနှင့် ကိုယ်ပိုင်ကျောင်းတွဲ ဖွင့်ထားပါသည်. သးသေးချာချာနေရာလည်းမဟုတ်ပါ ဒီကိစ္စမျိုးက…ကျမမှ ဖွင့်မပြောလျင်. .ကိုယ့်ကလေးအတွင်းရေးမို့ ဖုန်းဖိရင်း..

အခြားမိဘ..သတိမထားမိဖြစ်နေမှာရော သားမွေးထားသူတွေရော…သမီးမွေးထားသူတွေရောကျောင်းထောင်ထားကြသော..သူငယ်ချင်း တွေရောကို သတင်းပေး ချင်ရျ်ရေးပါသည်…လူနာကို ငဲ့ညာသောအားဖြင်.အမေးအဖြေများကို.လျော့ရျ်ရေးပါသော်လည်း.ညနေ ဆေးခန်းက..အပြန်မှာ.ကျမ မလှုပ်နိုင်အောင်ပင်.ကြောက်စရာ..အဖြေများရခဲ့ပါသည်မိဘများ..ဆရာများ.. ခတ်ကို..သတိထားကြပါ ညဘက်စာကျက်ဝိုင်းများကို..သတိထားကြပါ စာသင်ကျောင်း..စာသင်ခန်းများကိုလည်း.. .သတိထားကြပါလို့…..သတိပေးပါရစေ

credit