အာဏာမသိမ်းခင်ရက်ပိုင်းအလိုက မြန်မာနိုင်ငံအား အရေးပေါ်အကူအညီ ကန်ဒေါ်လာ သန်း ၃၅၀ IMF ပေးပို့ခဲ့






Zawgyi

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေ ရသည့် မြန်မာနိုင်ငံအတွက် အ ရေးပေါ်အကူအညီပေးရေး အစီ အစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် သီတင်းပတ်က ကန် ဒေါ်လာ သန်း ၃၅၀ အကူအညီ ပေးခဲ့သည်။

ယင်းနောက်ရက်ပိုင်းအ ကြာတွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး ယင်းရန်ပုံငွေများ အား IMF က ပြန်ရုပ်သိမ်း၍ ရယူ ရန်မဖြစ်တော့ဖွယ်ရှိကြောင်း ရိုက်တာသတင်းကဖော်ပြသည်။

ဖြစ်ပေါ်လာနေသည့်အခြေ အနေများအား မိမိတို့အနီးကပ် ဆက်လက်စောင့်ကြည့်နေပြီးဖြစ် ပေါ်နေသော အခြေအနေများ ကြောင့် မြန်မာပြည်သူများနှင့် နိုင်ငံ့စီးပွားရေးအပေါ် ရိုက်ခတ်မှု များနှင့်ပတ်သက်၍ မိမိတို့ အလွန်စိုးရိမ်ကြောင်း IMF ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက မြန်မာနိုင်ငံ သို့ ပြီးခဲ့သည့် သီတင်းပတ်က ငွေပေးပို့ပြီးဖြစ်ကြောင်း အတည် ပြုရင်း ပြောကြားသည်။ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ရန်ပုံငွေအတွက် မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ထားသည့် IMF တွင် အဓိကပါဝင်ကူညီပေးသည့်နိုင်ငံ မှာ အမေရိကန်ဖြစ်ကြောင်း သိရ သည်။

IMF က ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထိခိုက်သည့် အသေးစား စီးပွားရေးလုပ်ငန်းများ၊ ထိခိုက် လွယ်သူများအား ကူညီရေး၊ စီးပွားရေး နာလန်ထရေး အစီအ စဉ်များအတွက် ယင်းငွေများက မြန်မာနိုင်ငံအတွက် အထောက် အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်းဇန်နဝါရီ ၁၃ ရက်က ကြေညာချက်၌ ဖော်ပြခဲ့သည်။

ယင်းထောက်ပံ့ပေးလိုက် သည့် ရန်ပုံငွေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အ တည်းမှ ထွက်ပေါ်လာမည့် အစိုးရက ကောင်းစွာစီမံခန့်ခွဲသုံးစွဲရန် သာ အကောင်းဆုံးမျှော်လင့်နိုင် ကြောင်း IMF နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြော ကြားသည်။ —Ref: Reuters