၎ခေါက်လောက် အသုံးပြုရုံနဲ့ ဆံပင် ၉၅%အကျွတ်သက်သာ မဲနက်သန်စွမ်းစေပါတယ်
၁..ထောလပတ်ရွက်
၂..သံလွင်ဆီရယ်ပါ
သဘာဝနည်း ပြုလုပ်ပုံ
အသုံးပြုပုံ
၁ပါတ် ၂ကြိမ်အသုံးပြုပေးပါ……၄ကြိမ်မြောက်မှာ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ
ဆံပင်အတွက်သာမက မျက်ခုံးကိုလည်း ညအိပ်ယာဝင်တိုင်းလိမ်းပေးပါ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ်
Credit : Yu Mon
Unicode
ဒီနည်းလေးက ယုမွန်ကိုယ်တိုင်စမ်းသပ်ထားပြီး တကယ်ထူးခြားလို့ တင်ပေးဖြစ်တာပါ….
၄ခေါက်လောက် အသုံးပြုရုံနဲ့ ဆံပင် ၉၅%အကျွတ်သက်သာ မဲနက်သန်စွမ်းစေပါတယ်
ယုမွန်အရင်က အစာအိမ်ရောဂါအခြေနေဆိုးလို့ ၂နှစ်လောက် နနွင်းနေ့စဉ် ၁၀လုံးသောက်ရပါတယ် …အဲ့ကထဲက ရှိသမျှ ဆံပင်တွေ ကျွတ်တာ ထိပ်ပါပြောင်တဲ့အထိပါ…
ဆေးနည်းပေါင်းစုံကုခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး …ထိပ်ပါပြောင်ပြီး ဆံပင်တအားကျွတ်လို့ အစခံရတဲ့အထိပါ
ခုဒီနည်းလေးကို စမ်းသပ်တာ ၄ခါမြောက်မှာတင် ခေါင်းလျှော်ရင် ဆံပင် ၁၀၀ ကျော်ကျွတ်တဲ့သူက ၅ပင်လောက်ပဲ ကျွတ်တော့ပါတယ် အစက တော်တော်ကို အဲ့ဩခဲ့တာပါ
အဲ့လိုရလဒ်ရလာလိမ့်မယ်လို့တောင် ထင်မထားပါဘူး.. ပြီးတော့ မျက်ခုံးကိုပါ လိမ်းတာ မျက်ခုံးမွှေးတွေပါ ပေါက်လာပြီး ထူထဲလာပါတယ်.. ရေရှည်စွဲလုပ်ရင် ဆံပင်ပေါက်လာနိုင်ပါတယ် ယုမွန်ကတော့ ဆံပင်အသစ်လေးတွေ ပြန်ပေါက်လာပါပြီ
နည်းလေးကတော့ လွယ်ကူပါတယ် ပစ္စည်း ၂မျိုးသာလိုအပ်ပါတယ်
၁..ထောလပတ်ရွက်
၂..သံလွင်ဆီရယ်ပါ
သဘာဝနည်း ပြုလုပ်ပုံံ
ထောလပတ်ရွက် အရွက် ၂၀(သို့)အရွက် ၃၀ခန့်ကို ရေဆေးပြီး အနံ့မပါတဲ့ Tissueနဲ့ ရေစင်ကြယ်အောင် သုတ်ပေးပါ…
ပြီးရင် ဇကာ (သို့) ဗန်းအလွတ်တစ်ခုထဲကို တစ်ခုနဲ့တစ်ခု အရွက်တွေထပ်မနေအောင် တစ်ရွက်ချင်းဆီ ဖြန့်ချထားပေးပါ
လေဝင်လေထွက်ကောင်းမွန်ပြီး နေရောင်ခြည်နဲ့ မထိတွေ့တဲ့နေရာမှာ အရွက်တွေခြောက်အောင် လှမ်းပေးပါ..
(PS နေပူထဲ လုံးဝမလှန်းရပါ…နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရင် အရွက်ရဲ့ အာနိသင်ပျက်ပြယ်တတ်ပါသည်…လေဝင်လေထွက် မကောင်းတဲ့နေရာလှန်းလျှင်လည်း အရွက်မှိုတတ်တက်ပါသည်)
ဒါ့ကြောင့် လေဝင်လေထွက်ကောင်းပြီး နေမပူသောနေရာတွင်လှန်းရပါမည်
အရွက်တွေကို ၇ရက်(သို့)၁၀ရက် ချေလို့ရပြီး ကြွတ်ဆတ်နေသည် အထိ လှမ်းရပါမည်…(မှိုတတ်နေလျှင် လုံးဝ မသုံးပါနှင့် အထူးသတိထားပါ)
ခြောက်သွားပြီး ချေလို့ရသည့်အနေရောက်ရင် ဖန်ပုလင်း အလွတ်တစ်ခုထဲသို့ အရွက်တွေကို မွသွားအောင် ချေပြီးထည့်ပါ
(ပလက်စတစ်ဗူး အသုံးမပြုရပါ)
ပြီးရင် ယုမွန် ပုံမှာ ပြထားတဲ့ သံလွင်ဆီကို အရွက်တွေ မြုပ်ရုံသာမက အရွက်အပေါ် လက်သုံးလူံးလောက်ထိ မြုပ်အောင်ထည့်ပေးပါ
ပြီးရင် အဖုံးကိုပိတ်ပြီး ရောနှောသွားစေရန် ၂မိနစ်ခန့်လှုပ်ရမ်းပေးပါ
အာနိသင် ထိရောက်စေရန် ၁ပါတ်ခန့် စိမ်ထားပြီး မှ အသုံးပြုပေးပါ
(အသုံးပြုပြီးတိုင်း ပုလင်းအဖုံးကို သေချာလေလုံအောင် ပိတ်ပါ)
တစ်ခါ ပြုလုပ်ထားလျှင် ၇လ အသုံးပြုနိုင်ပါသည် ..သံလွင်ဆီကုန်လျှင် ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်..
အသုံးပြုပုံံ
ခေါင်းမလျှော်ခင် ယုမွန်တို့ လုပ်ထားတဲ့ အရည်လေးကို ဦးရေ အနှံ့သေချာလိမ်း ပြီး ၁နာရီလောက်ထားပြီးမှ ခေါင်းလျှော်ချပါ။ခေါင်းလျှော်ပြီဆံပင်ပေါင်းဆေးသုံးမယ်ဆိုရင်လည်း
ပေါင်းဆေးကို ဦးရေမထိရပါ…ဆံပင်အဖျားနားကိုဘဲ ပေါင်းပေးရပါမယ်…ပေါင်းဆေးက ဦးရေထိရင် ဆံပင်ကျွတ်ပါတယ်…
(အရည်ဘဲလိမ်းရပါမယ်.ထောလပတ်ရွက်ဖက်တွေလိမ်းစရာမလိုပါ…အာနိသင်က အရည်ထဲကို ဝင်ရောက်ပြီး ဖြစ်ပါသည်)
၁ပါတ် ၂ကြိမ်အသုံးပြုပေးပါ……၄ကြိမ်မြောက်မှာ သိသာတဲ့ရလဒ်ကိူု ု တွေ့ရမှာပါ
ဆံံပင်အတွက်သာမက မျက်ခုံးကိုလည်း ညအိပ်ယာဝင်တိုင်းလိမ်းပေးပါ မျက်ခုံးမွှေးများ ထူထဲနက်မှောင်ပြီး ပေါက်လာပါလိမ့်မယ်
ကျား ၊မ…မရွေးအသုံးပြုလို့ရပါတယ်ရှင်
Credit : Yu Mon