ကျန်းမာတဲ့ လူနေမှုပုံစံဖြစ်စေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ အခြေခံ အချက်လေးတွေ


အဟာရမျှတစွာ စားပါ





လမ်းလျှောက်ပါ

Khin

Unicode

ကျန်းမာခြင်းဟာ လဘ်တစ်ပါးဆိုသလို ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါနော်။ တကယ်တော့ ကျန်းမာရေးကောင်းမွန်နေဖို့ဆိုတာ တကူးတကကြီး အရမ်းပြင်ဆင်နေစရာ မလိုပါဘူး။ ကိုယ်နေထိုင်တဲ့ နေ့စဉ်ဘဝထဲမှာပဲ ကျန်းမာအောင် အလွယ်တကူပဲ နေထိုင်လို့ရပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံဖြစ်စေဖို့ ဒီအခြေခံအချက်လေးတွေနဲ့ လိုက်နာလိုက်ပါ။

အဟာရမျှတစွာ စားပါ
ကျန်းမာရေး ကောင်းမွန်နေဖို့၊ ရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ဟာအားကောင်းနေဖို့ဆိုရင် အဟာရမျှတစွာ စားသောက်တတ်ရပါမယ်။ ဒီတော့ နေ့စဉ်ကိုယ်စားနေတဲ့ အစားအသောက်တွေဟာ အဟာရမျှတနေရဲ့လားဆိုတာ အရင်ဆုံး သုံးသပ်ကြည့်ပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ စသဖြင့် မျှမျှတတ စားပေးပါ။

ရေဓာတ်ပြည့်ဝအောင် နေပါ

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့က အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း အင်္ဂါတွေဟာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ရေကို များများသောက်ပေးပါ လူတစ်ယောက်ဟာ တစ်နေ့ကို ရေရှစ်ခွက်လောက် အနည်းဆုံး သောက်ပေးသင့်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်ပါ

အိပ်ရေးပျက်ခြင်းက နောက်ဆက်တွဲ ပြသနာတွေကို သယ်ဆောင်လာတတ်ပါတယ်။ အာရုံစူးစိုက်မှု မကောင်းတာ၊ စွမ်းဆောင်ရည် ကျတာ၊ ပင်ပန်းနွမ်းနယ်လွယ်တာနဲ့ တစ်ခြားပြသနာတွေ အများကြီး ဖြစ်တတ်ပါတယ်။ ဒီတော့ ညဘက်တွေမှာ အိပ်ရေးဝဝနဲ့ ကောင်းမွန်စွာ အိပ်စက်ဖို့ လိုအပ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းက သင့်ရဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည် အားပြည့်စေပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့အိပ်ချိန်ကို သတ်သတ်မှတ်မှတ် အချိန်တစ်ခု သတ်မှတ်ပြီး ရှစ်နာရီပြည့်အောင် အိပ်စက်သင့်ပါတယ်။

လမ်းလျှောက်ပါ
အားကစားတွေ လုပ်ဖို့ အချိန်မပေးနိုင်ဘူး၊ gym တွေသွားဖို့ အချိန်မရှိဘူးဆိုရင်တောင် လမ်းလျှောက်ဖြစ်အောင် လျှောက်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်က ပင်ပန်းနုံးချိနေတတ်သလို အလွယ်တကူပဲ ပျက်စီးထိခိုက်လွယ်တတ်ပါတယ်။ ဒီတော့ လမ်းလျှောက်ဖို့ အချိန်တကူးတက မပေးနိုင်ရင်တောင် ဟိုနားဒီနားလေး သွားတာလောက်တော့ လမ်းလျှောက်ပါ။ လှေကားအတက်အဆင်းတွေ လုပ်တာ၊ နီးနီးနားနား လမ်းလျှောက်သွားတာက ကျန်းမာရေးနဲ့ ပိုညီညွတ်စေပါတယ်။

Khin