ကျန်းမာရေး ဝန်ထမ်းတွေကို ကူညီသောအားဖြင့် လူစုလူဝေးနဲ့ မဲဆွယ်ခြင်း မပြုလုပ်လို့ မေတ္တာရပ်ခံ လိုက်တဲ့ ဝေဠုကျော်

စိုးရိမ်စိတ်ဖြင့်ရေးမိပါသည်ခေတ်မှီတိုးတက်လာတဲ့ယခုခေတ်ကြီးထဲမှာ လူတိုင်းလိုလို ဖုန်းကိုင်ကြပါတယ်။ မိသားစုတိုင်းမှာ Onlineသုံးတဲ့သူတွေရှိပါတယ်။ stay homeနေကြရလို့ အချိန်တော်တော်များများဖုန်းသုံးတဲ့ သူတွေ များပါတယ်။

စည်းရုံးရေးကာလမို့ မဲဆွယ်ချင်ကြတယ်ဆိုလိုင်းပေါ်ကနေဆွယ်တာပိုထိရောက်မယ်လို့ယူဆမိပါတယ်။တော်တော်များများကလဲ ကိုယ်မဲပေးချင်တဲ့ပါတီကို ရွေးပြီးသား ဖြစ်နေကြ‌လောက်ပြီထင်ပါတယ် ။ အခုလို ကိုဗစ်ကူးဆက်မှု့မြင့်တက်‌နေတဲ့ အချိန်မျိုးမှာ ၊

လူတွေအများကြီးအပြင်ထွက်နေကြလို့တစ်နိုင်ငံလုံး ယခုထက် ပိုပြီး ကူးဆက်သွားမှာကို အကြီးကြီး စိုးရိမ်မိပါတယ် ။ဒီအချိန်မှာ ကိုဗစ် ကူဆက်ပြန့်ပွားမှု့ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်တကယ်တိုက်ပွဲဝင်နေရတဲ့သူတွေကိုအတတ်နိုင်ဆုံး အိမ်မှာနေ‌ပေးခြင်းဖြင့်အကောင်းဆုံးကူညီသင့်ပါတယ်။ခုချိန်မှာ ဘယ်အရောင်ပဲဖြစ်ဖြစ်ပါလူစုလူဝေးကြီးနဲ့အင်အားပြနေကြသူတွေကိုသက်ဆိုင်ရာ ခေါင်းဆောင်တွေကထိမ်းထိမ်း သိမ်းသိမ်းလုပ်‌ပေးကြပါလို့တောင်းပန်ပါရစေ။

တိုင်းပြည်အတွက် အကောင်းဆုံးခေါင်းဆောင်မည့်သူများကပြည်သူ့ရင်ကို ထိစေမယ့်အန္တရာယ်အကင်းဆုံးမဲဆွယ်နည်းနဲ့ ဆွယ်နိုင်ကြပါစေလို့မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ် ။အားလုံးကို လေးစား တန်ဖိုးထားစွာဖြင့်

Sေource:ဝဠုကျော်

Zawgyi





Sေource:ဝဠုကျော်